ရုတ်တရက်ကြည့်လိုက်ရင်တော့ ဒီစာအုပ်ဟာ တရားမျှတမှုမရှိအောင်လုပ်တဲ့ တရားသူကြီးတွေလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ စာရေးသူက သူ့ရဲ့နိဒါန်းမှာ ဒီလိုရေးထားပါတယ်။
"ဥပဒေပြုရေးကို တာဝန်ယူရတဲ့ ဥပဒေပြုအမတ်တွေဟာ ဥပဒေကို ထိပါးပြီးဆောင်ရွက်လာကြပြီဆိုရင် တရားသူကြီးတွေအပေါ် ဖိအားတွေဖြစ်လာပါပြီ။ တရားသူကြီးဆိုသူတွေဟာ လူတစ်ဦးချင်းစီရဲ့ အခြေခံ အခွင့်အရေးတွေကို ထိပါးပြီးပြဌာန်းထားတဲ့ ဥပဒေတွေကို ကျင့်သုံးစီရင်ဖို့ သင့်ပါသလား။ .... ဒီဥပဒေတွေထဲကတိုင်း ပြစ်မှုနဲ့မမျှတတဲ့ ပြစ်ဒဏ်တွေကို ချမှတ်သင့်ပါသလား ..... အများစုက ဖြေပါလိမ့်မယ် မလုပ်သင့်ပါ (No) ဆိုပြီးတော့ ။ အဲဒိ (No) ဆိုတာ ကျွန်တော့ရဲ့အဖြေလည်းဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကတော့ ပြောကောင်းပြောပါလိမ့်မယ် ဒီ (No) ဆိုတဲ့အဖြေဟာ ပေါ့ပေါ့တွေးပြီး ဖြေတာမျိုးဖြစ်ပြီးတော့ ဒီကိစ္စတွေမှာ နက်နက်နဲနဲ စဉ်းစားစရာတွေရှိပါတယ်လို့ပေါ့ ....။ ကျွန်တော်တို့ရဲ့ အနောက်တိုင်း ဥပဒေအယူအဆတွေအရ တရားရုံးတွေနဲ့ တရားသူကြီးတွေဟာ ... ... ..."

No comments:
Post a Comment