Friday, February 20, 2015

ဥပဒေသုတေသန စာတန်းများရေးသားခြင်း (၁)




လွန်ခဲ့တဲ့ ၂၀၀၅ ၊ ၂၀၀၆ လောက်က ကျွန်တော် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ မဟာဥပဒေတန်း တက်ခဲ့ဖူးပါတယ်။ ဒုတိယနှစ်တက်နေဆဲမှာ အလုပ်ထဲရောက်လာ... နောက်တော့ ...တက္ကသိုလ်မရှိတဲ့ မြို့တစ်မြို့မှာတာဝန်ကျတာကြောင့် ဘွဲ့ရသည်အထိ မတက်ခဲ့ရပါဘူး။

ပြီးခဲ့တဲ့နှစ်ကမှ ကံအားလျှော်စွာ... ပညာတော်သင်ဆုရွေးခြယ်ခြင်းခံရတဲ့အတွက် အခုဂျပန်နိုင်ငံ နာဂိုရာတက္ကသိုလ်မှာ မဟာဥပဒေတန်းကို ပညာသင်ကြားခွင့်ရနေတာဖြစ်ပါတယ်။

ဒီလိုပါ
ကျွန်တော်ရန်ကုန် တက္ကသိုလ်မှာ မဟာဥပဒေတက်တုန်းက coursework ပါ။ 
ဆရာတွေသင်တာလိုက်လံမှတ်သား၊ စာကျက်ပြီး စာမေးပွဲဖြေဆိုတဲ့စနစ်ပါ။ ဒါပေမဲ့ Term paper ဆိုတဲ့ စာတန်းလေးတွေတော့ ရေးရပါတယ်။အခုတော် Research Paper တင်ရတယ်လို့ကြားပါတယ် .....

သို့သော်လည်း သုတေသနစာတန်းတစ်ဆောင်ကို စနစ်တကျ ဘယ်လိုရေးရမယ် အကိုးအကားပြုတဲ့ စာအုပ်စာတန်းတွေကို Footnotes, End notes တွေအဖြစ် ဘယ်လို စနစ်တကျထည့်သွင်းရမယ် ဆိုတာနဲ့ ပက်သက်ပြီး သေသေချာချာင်သင်ကြားပေးတဲ့ စနစ်မရှိခဲ့ပါဘူး။ (အခုလက်ရှိအခြေအနေကို တော့ကျွန်တော်မသိပါ)။

ဆရာ၊ဆရာမများကတော့ တတ်အားရွေ့ပြသပေးခဲ့ပါတယ်။ ဒါ့ပေမဲ့ ကျွန်တော်တို့ဟာ လူပြိန်းတွေဖြစ်တဲ့အတွက် ယောင်ဝါးဝါးနဲ့ပဲ Library ထဲရှိတဲ့ စာအုပ်တွက တူတာတွေစုကူး။ Reference အရေအတွက်များသည်ထက်များအောင် ကြိုးစားပြီး term paper တွေ တင်ခဲ့ပါတယ်။

အဲဒိတုန်းက Footnotes တပ်တဲ့နေရာမှာ ဘယ် Style Manual ကိုသုံးမလဲဆိုတာနဲ့ ပက်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ Format ကျွန်တော်တို့မှာ မရှိခဲ့ပါဘူး။ (အခုတော့မသိပါ)။

Style Manual ကွဲပြားတာနဲ့အမျှ Footnotes တွေ end notes တွေမှာ ပါဝင်တဲ့၊ စာရေးသူ၊ ခုနှစ်၊ ပုံနှိပ်တိုက်၊ စတာတွေကိုစီစဉ်တဲ့ ပုံစံတွေ ကွဲပြားပါတယ်။ Paper တစ်ခုထဲမှာ Style နှစ်မျိုးသုံးမျိုးလောက် ရောထွေးနေတာမျိုးက မဖြစ်သင့်တဲ့လွဲချော်မှုမျိုးတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ လွဲချော်ခဲ့ကြပါတယ်။

နောက်ပြီး ဘယ်လို စာမှတ်စာတမ်းမျိုးကို ဘယ်လို ပုံစံနဲ့ Footnotes လုပ်ရမယ်ဆိုတဲ့ နည်းဥပဒေသတွေကလည်း ကျွန်တော်တို့အတွက် အလွန်ရှုပ်ထွေးစေခဲ့ပါတယ်။

ဥပမာပြောရရင် စာအုပ်တစ်လုပ်ကို citation တပ်မယ်ဆိုကြပါစို့ သာမာန်အားဖြင့်၊ စာရေးသူ၊ ပုံနှိပ်တဲ့ခုနှစ်၊ ထုတ်ဝေသူ၊ စာမျက်နှာနံပတ် စသည်ဖြင့် ပါရင်တော်တော်လေး ပြည့်စုံနေပါပြီ။
ဒါပေမဲ့ ပညာရပ််ဆိုင်ရာဂျာနယ်တစ်ဆောင် (Academic Journal) ကို ကိုးကားမယ်၊ ဒါမှမဟုတ်လည်း Radio Talk တစ်ခုမှာပြောသွားတာ၊ အင်တာနက်စာမျက်နှာ်တစ်ခုမှာပါတာ စတာတွေကို ကိုးကားမယ်ဆိုုရင် ဘယ်အချက်တွေပါရမယ် ဘယ် Style ကိုသုံးရင် ဘယ်အစီအစဉ်နဲ့ရေးရမယ်ဆိုတာတွေဟာ...........
သုတေသနဆိုတာကို အခုမှ နှဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့ မဟာတန်းကျောင်းသား အသစ်စက်စက်တွေအတွက် အလွန်ရှုပ်ထွေးစရာဖြစ်ခဲ့ပါတယ်။

အခုတက်နေတဲ့ နာရိုရာတက္ကသိုလ်မှာ ဒီလိုပြသနာမျိုးတွေ ကျွန်တော်တို့မတွေ့ရပါဘူး
ကျွန်တော်တို့ကို Style Manual တွေ အကြောင်း ဂဃနဏ သင်ပေးလို့လားဆိုရင် ... အဲလိုမသင်ပေးပါဘူး။

ဒီမှာ Footnotes, End notes, Biography စတာတွေကို Software သုံးပြီး တပ်ကြပါတယ်။ Style Manual တွေနဲ့ပက်သက်ပြီး အထူးလေ့လာစရာမလိုပဲ သုနေသနစာတန်းတစ်ခုလုံးကို အဆင့်မြင့်မြင့် citation တွေ တပ်နိုင်တဲ့ Software ဖြစ်တဲ့အတွက် အလွန်တာသွားပါတယ်။ Citation နဲ့ ပသက်သက်တဲ့အမှားအယွင်းတွေလဲ အလွန်နည်းသွားပါတယ်။

သူတို့နိုင်ငံက ချမး်သာလို့ ဒါမျိုးတွေသုံးနိုင်တာပေါ့လို့ ဆန္ဒစောပြီးမတွေးပါနဲ့။
အဲဒိ Software က Free ပါ။ သာမာန် ကွန်ပျူတာတစ်လုံးမှာ Firefox နဲ့ Microsoft Word ဒါမှမဟုတ်လည်း Open office, Libra office စတာတွေရှိရုံနဲ့ သုံးလို့ရပါတယ်။

Zotero လို့ခေါ်တဲ့ Firefox နဲ့ Word processor ရဲ့ plug-in လေးပါ။

- ကိုးကားစာအုပ်တစ်ခုကို တစ်ခါ ထည့်ထားရုံနဲ့ citation တွေ Auto တပ်ပေးပါတယ်။

- Journal တွေ Web page တွေကိုလည်း သူတောင်းတဲ့အချက်လေးတွေရိုက်ထည့်ရုံနဲ့ ကြိုက်တဲ့ Style Manual ပြောင်းပြီး citation တပ်လို့ရပါတယ်။

- သာမာန်အမြန်နှုံးလောက်ရှိတဲ့ အင်တာနက်လိုင်းလေးပါသုံးနိုင်မယ်ဆိုရင် စာအုပ်တစ်အုပ်ရဲ့ ISBN နံပတ်ကို ရိုက်ထည့်လိုက်ရုံနဲ့တင် လိုအပ်တဲ့ အချက်တွေကို manually လိုက်ဖြည့်စရာမလိုပဲ Auto ဖြည့်ပေးသွားပါတယ်။

- Webpage လိုဟာမျိုးတွေကိုလည်း ခလုပ်တစ်ခုနှပ်ရုံနဲ့တင် page တစ်ခုလုံးကို လိုအပ်တဲ့ citation အချက်အလက်တွေနဲ့ အတူသိမ်းပေးထားပါတယ်။

- ခလုပ်တစ်ချက်နှိပ်ရုံနဲ့တင် စာတန်းတစ်ခုလုံးမှာ မိမိတပ်ထားတဲ့ Footnotes တွေ ကိုစုစည်းပြီး Bibliography လုပ်ပေးပါတယ်။

စိတ်ဝင်စားရင် အောက်က Link မှာလေ့လာနိုင်ပါတယ်။
ပထမလင့်က မူရင်း Zotero ဆိုဒ်လင့်ပါ။ ဒုတိယလင့်က ကျွန်တော်တို့တက္ကသိုလ်က recommend လုပ်ထားတဲ့ အရန်သင့် Download လုပ်ရုံ Plug-in တွေပါ။ အဲဒိမှာတစ်ခါထဲ ဒေါင်းပြီး Install လုပ်လို့ရပါတယ်။ 

https://www.zotero.org/

http://citationstylist.org/tools/

ထပ်ပြီးအသုံးပြုပုံတွေကိုတော့ ကျွန်တော်နောက်ပိုင်းမှာ ဆက်ပြီးရေးပါ့မယ်။

 ကိုယ့်ဖာသာကို Install လုပ် Help တွေ ဖတ်ပြီးလဲ သုံးလို့ရနိုင်ပါတယ်။ Youtube မှာလည်းဘယ်လိုသုံးရမယ်ဆိုတဲ့ video တွေရှိပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...