အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် ရှာရီယာ (Sharia) လို့ခေါ်တဲ့ ဘဝလမ်းညွှန်ဟာ အထူးရေးပါတယ်လို့ ဆိုကြပါတယ်။ မူဆလင်တစ်ဦးဟာ ရှာရီယာမှာ လမ်းညွှန်တဲ့အတိုင်း၊ ကျင့်ကြံ နေထိုင်ရပါတယ်။ ရှာရီယာထဲမှာ မိဘ၊ ဘိုးဘွား၊ ဇနီး၊ ခင်ပွန်း၊ သားသမီးစတာတွေကို ဘယ်လိုဆက်ဆံရမယ်၊ အဝတ်အစားကို ဘယ်လိုဝတ်ဆင်ရမယ်၊ ငွေချေးတာ ကုန်သွယ်တာတွေဘယ်ကို ကျင့်ဆောင်ရမည် ကနေစပြီး အမှုအခင်းတွေကို ဘယ်လိုတရားစီရင် အပြစ်ပေးရမယ် ဆိုတာတွေ အဆုံးပါရှိပါတယ်။
အစ္စလာမ်မစ်ဥပဒေ (Islamic Law) ဆိုတာကတော့ ရှာရီယာရဲ့ ဥပဒေနဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။
ရှာရီယာ ဆိုတဲ့ လမ်းညွှန်နဲ့အတူ နေထိုင်တဲ့ မူဆလင်တွေဟာ မူဆလင်နိုင်ငံတွေမဟုတ်တဲ့ နိုင်ငံတွေမှာ လူနည်းစုအနေနဲ့ရှိတဲ့အခါမှာ အစ္စလာမ်မစ် ဥပဒေတွေကို ဘယ်လို ဆက်လက်ကျင့်သုံးကြတယ် ဆိုတာစိတ်ဝင်စားဖို့ကောင်းလှပါတယ်။
ဒီစာစုလေးမှာ မူဆင်လူနည်းစု တွေတည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို မူလဆင်လူနည်းစုတွေရှိတဲ့ နိုင်ငံတွေထဲက (အထူးသဖြင့်) ဥရောပနိုင်ငံတွေရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်လေ့လာတင်ပြထားပါတယ်။
လက်ထပ်ထိမ်းမြားခြင်း နှင့် ကွာရှင်းခြင်း
မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံဥပဒေများပဒေ ၁၈၉၈ (Myanmar Laws Act, 1898) ပုဒ်မ ၁၃ အရ အစ္စလာမ်ဘာသာဝင်နှစ်ဦး ထိမ်းမြားရင် အစ္စလာမ် ဓလေ့ထုံးတန်းနဲ့အညီ သက်ဆိုင်ရာဘာသာရေးလူကြီးဆီမှာ နေကာ (Nikkah) ဖတ်ပြီးထိမ်းမြားခွင့်ရှိပါတယ်။ အစ္စလာမ်ဥပဒေကို အသိအမှတ်ပြုတာပါ။ သို့သော်လည်း အင်္ဂလန်နိုင်ငံမှာ တော့ အခုအချိန်အထိ နေကာ (Nikkah) ဖတ်ပြီး အစ္စလာမ်မစ် ဥပဒေနဲ့ ထိမ်းမြားတာကို အသိအမှတ်မပြုပါ အင်္ဂလန်နိုင်ငံဥပဒေအရ ထိမ်းမြားမှုကို တရားဝင်မှတ်ပုံတင်မှသာ တရားဝင်ပါတယ်။ ကွာရှင်းရာမှာလည်း မြန်မာနိုင်ငံမှာ အစ္စလာမ် ထုံးစံနဲ့အညီ ကွာရှင်းခြင်းဟာ တရားဝင်ပေမဲ့ အင်္ဂလန်နိုင်ငံမှာတော့ အင်္ဂလန်တရားရုံးတစ်ရုံးက ကွာရှင်းမိန့်နဲ့အညီကွဲထားမှ ဒါမှမဟုတ် မှတ်ပုံတင်အရာရှိဆီမှာ ကွာရှင်းတာကို မှတ်ပုံတင်ထားမှ တရားဝင်ပါတယ်။ နောက်ပြီး နေကာဖတ်ပြီးတော့တင် လက်ထပ်ထားတဲ့ မူဆလင် စုံတွဲဟာ အင်္ဂလန်ဥပဒေ အရ တရားဝင်လင်မယားမဖြစ်တာကြောင့် UK က တရားရုံးတစ်ရုံးရံးမှာ ကွာလိုမှုစွဲလို့မရပါဘူး။
မိန်းမအများအပြားယူခြင်း (Polygamy)
ဥရောပနိုင်ငံတွေအားလုံးမှာ polygamy လို့ခေါ်တဲ့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စနစ်ကို တားမြစ်ထားပါတယ်။ မိန်းမတစ်ဦးထက်ပိုယူတာဟာ အင်္ဂလန်နိုင်ငံမှာထောင် (၇) နှစ်အထိ ချမှတ်လို့ရတဲ့ ပြစ်မှုဖြစ်ပြီးတော့၊ ဂျာမဏီမှာ ထောင် (၃) နှစ်၊ ရိုမေးနီးယားမှာ ထောင် (၂) နှစ်အထိ ချမှတ်လို၌ရတဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ဟာ ယခုအချိန်အထိ မိန်းမအများအပြားယူတာကို ခွင့်ပြုထားတဲ့ နိုင်ငံ ၅၀ လောက်မှာ ပါတဲ့ တစ်ခုတည်းသော ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ပါတယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ဥပဒေပြုလွှတ်တော်ကို တင်သွင်းထားတာရှိပေမဲ့ အခုအချိန်အထိ ဥပဒေအဖြစ် မရောက်ရှိလာသေးပါဘူး။
(မိန်းမအများအပြားယူခွင့်ပြုထားတဲ့စနစ်ဟာ လူ့အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်ပြီး အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကိုလည်း သေးသိမ်အောင်ပြုခြင်း ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ (United Nations Human Rights Committee) နဲ့ လူအခွင့်အရေးလှုပ်ရှားသူအများအပြားက နိုင်ငံတွေအားလုံးမှာ အပြီးတိုင်ဖျက်သိမ်းဖို့ဆော်သြနေပါတယ်။
သို့သော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စစ်ရန်ဟီလီး ကတော့ Polygamy ကို ပြစ်မှုကြောင်းအရ အရေးယူဖို့ ပြဌာန်းထားတဲ့ မြန်မာနိုင်ငံရဲ့ " တစ်လင်တစ်မယားစနစ် ကျင့်သသုံးခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို မူဆလင်လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ယှဉ်ပြီး အနှုတ်လက္ခဏာဆောင်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကို မြန်မာနိုင်ငံသားတွေက အလွန်ပဲ အထူးအဆန်းဖြစ်ခဲ့ပါတယ်။
အစ္စလာမ်မစ်နိုင်ငံတွေဖြစ်တဲ့ တူနီးရှားနဲ့၊ တူရကီနိုင်ငံတွေမှာတောင် မယားတစ်ယောက်ထက်ပိုယူခြင်း မပြုဖို့ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတာပါ။)
အရွယ်မရောက်သူများလက်ထပ်ရေး (Underage Marriage)
အစ္စလာမ်မစ် ဥပဒေအရ လက်ထပ်ဖို့အတွက် အနိမ့်ဆုံးအသက်အရွယ်ကို သတ်မှတ်ထားခြင်းမရှိပါဘူး၊ တမန်တော် မိုဟာမက်ပင်လျှင် သူ့ရဲ့နောက်ဆုံးဇနီးဖြစ်သူ အိုင်ရှာ (Aisha) ကို လက်ထပ်တဲ့အချိန်မှာ သတို့သမီးရဲ့ အသက်ဟာ (၉) နှစ်ထက် မပိုခဲ့ပါဘူး (အိုင်ရှာရဲ့ အသက်နဲ့ပက်သက်ပြီး ပညာရှင်များအကြား အမျိုးမျိုးအယူအဆ ကွဲပြားကြပါတယ် အချို့က ၆ နှစ် အချို့က ၈ နှစ်လို့ ဆိုကြပါတယ်။)
ဆော်ဒီအာရေးဘီးယား၊ ယီမင်နဲ့ ဘရုနိုင်းလို အစ္စလာမ်မစ် နိုင်ငံတွေမှာ လက်ထပ်ရမဲ့ အနိမ့်ဆုံးအသက်အရွက် ကို သတ်မှတ်ထားခြင်းမရှိပါဘူး။ ဆူဒန်မှာတော့ အသက်ကိုအတိအကျ သတ်မှတ်မထားပေမဲ့ သတို့သား သတို့သမီးဟာ အပျိုဝင်မှ လက်ထပ်လို့ရပါတယ်။
ဥရောပနိုင်ငံတော်တော်များများအတွက် လက်ထပ်နိုင်သောအသက်အရွက် (Marriageable Age) ဟာ (၁၈) နှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အသက် ၁၄ နှစ်အောင် အမျိုးသမီးနဲ့ ဆက်ဆံခြင်းဟာ မုဒိမ်းမှုမြောက်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေမှာ အတိအလင်းပြဌန်းထားပါတယ်။ သို့သော်လည်း လက်ထပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်ကို သတ်မှတ်ထားခြင်းမရှိတဲ့အတွက် အသက် ၁၄ နှစ်ကို မြန်မာနိုင်ငံက မူဆလင်တွေ လက်ထပ်နိုင်တဲ့အသက် (Marriageable Age ) အဖြစ် မှတ်ယူရမှာဖြစ်ပါတယ်။
(ကျောင်းပိတ်ထားတုန်း အားနေတာနဲ့ Islamic Law Special Lecture လိုက်တက်ပြီး အဲဒိဘာသာရပ်မှာ လုပ်ဖြစ်ခဲ့တဲ့ presentation ကို Academic Term တွေတပ်နိုင်သလောက်ဖယ်၊ လိုအပ်တာလေးတွေဖြည့်စွက်၊ မလိုတာလေးတွေချန်ပြီး မြန်မာလိုပြန်ရေး လိုက်တာပါ ဒုတိယပိုင်းမှာ ဟိဂျပ် (Hijab) လို့ခေါ်တဲ့ တစ်ကိုယ်လုံးဖုံးလွှမ်းထားတဲ့ အစ္စလမ်ရိုးရာ အမျိုးသမီးဝတ်ရုံတွေနဲ့ ဥရောပနိုင်ငံက ဥပဒေတွေ အဲဒိဝတ်ရုံတွေနဲ့ ပက်သက်တဲ့ ဥရောပလူ့အခွင့်အရေးတရားရုံး European Court of Human Rights ရဲ့ ဆုံးဖြတ်ချက်တွ ကို ဆက်ရေးသွားပါဦးမယ်)

No comments:
Post a Comment